Thursday, January 16, 2014

အချစ်ကဗျာ

ပျော်ရာမှတော်ရာသို့
ပျော်ရာမှ
တော်ရာသို့ပေါ့
ပြီးတော့-
တော်ရာမှပျော်ရာသို့
တော်ရာမှ
ပျော်ရာသို့ပေါ့ကွာ
(ချစ်ချစ်ခင်ခင် ငြိမ်းငြိမ်းချမ်းချမ်း)

မိုးဟိန်း (kse)

Sunday, January 12, 2014

ဧရာဝတီမြစ်စောင့်ကဗျာများစာအုပ် ခံစားမှု

သူရိယနေဝန်းဂျာနယ် January.2014 ထုတ် ရေးသားသူ - သားမောင်တင်၏ ငရဲ၌သစ်ငုတ်ဖြစ်စေ(ဖြန့်ကျက်တွေးခေါ်ခြင်း
ကဗျာခံစားမှု)ဆောင်းပါး

Saturday, January 11, 2014

Leader

ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံ ငွေရတုကြေညာစာတမ်း အကောင်ထည်ဖော်ရေး စုံညီအစည်းအစည်းအဝေး။

ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံ ငွေရတုကြေညာစာတမ်း အကောင်ထည်ဖော်ရေး စုံညီအစည်းအစည်းအဝေး။

ဒေါ်အောင်ဆန်းစုကြည် ပြည်ထောင်စုရိပ်သာမှာ မတည်းခိုခဲ့တဲ့ အကြောင်းရင်း

ဒေါ်အောင်ဆန်းစုကြည်ချင်းပြည်နယ်ခရီးစဉ်အတွက် ဟားခါးမှာ ပြည်ထောင်စု
ရိပ်သာမှာ အခန်း ၁၅ ခန်း ကြိုတင်ဘွတ်ခ်လုပ်ထားခဲ့တယ် လို့သိရပါတယ် ။ ဟားခါးကို ရောက်တဲ့ အချိန်မှာ ၆ ခန်းပဲ ရမယ်လို့ အကြောင်းပြန်ခဲ့ပါတယ် ။

အဲဒီပြည်ထောင်စုရိပ်သာမှာ အခန်း ၃၄ ခန်းရှိပြီး အခန်း နှစ်ခန်းမှာ နိုင်ငံခြား သားများတည်းခိုနေတယ်လို့ သိရပါတယ် ။ အခန်းတွေရှိရက်သားနဲ့ ဘာကြောင့် ဘွတ်ခ်လုပ်ထားတဲ့ ကျန်အခန်းတွေကို မပေးနိုင်ဖူးလို့ ပြောတာလဲလို့
ဒေါ်အောင်ဆန်းစုကြည်က ချင်းပြည်နယ်ဝန်ကြီးကို မေးတဲ့အခါမှာ ၊ ကျန်တာတွေက Reserve ထားရလို့ပါလို့ ပြန်ပြောခဲ့ပါတယ် ။

ဘာအတွက် Reserve ထားတာလဲ ကြိုမှာထားလို့လား ၊ ဘယ်နိုင်ငံမှာဖြစ်ဖြစ် ကြိုမှာထားမှ Reserve ထားရတာပါ ။ ကြိုမှာထားတာမရှိရင် ရောက်လာတဲ့သူကို ဦးစားပေးရမှာပေါ့ လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့ပြီး အဖွဲ့သားအားလုံး
တစ်စုတစ်စည်းထဲ တည်းခွင့်ရဖို့ပြောခဲ့ပါတယ် ။

ဒါပေမဲ့ ဘယ်လိုမှပြောမရပဲ ၆ ခန်းပဲပေးတဲ့အတွက် သတင်းထောက်များ
အတွက်စီစဉ်ထားတဲ့ ချယ်ရီတည်းခိုခန်းမှာ သွားရောက်တည်းခဲ့တာဖြစ်တယ် လို့ စစ်ကိုင်းတိုင်း NLD ဥက္ကဌ ဒေါက်တာမြင့်နိုင်ထံမှသိရပါတယ် ။

မတရားမှုမှန်သမျှ တိုက်ဖျက်ရမည့်တာဝန်မှာ နိုင်ငံသားတိုင်းတွင်ရှိပါသည်

မတရားမှုမှန်သမျှ တိုက်ဖျက်ရမည့်တာဝန်မှာ နိုင်ငံသားတိုင်းတွင်ရှိပါသည်