ပျော်ရာမှတော်ရာသို့
ပျော်ရာမှ
တော်ရာသို့ပေါ့
ပြီးတော့-
တော်ရာမှပျော်ရာသို့
တော်ရာမှ
ပျော်ရာသို့ပေါ့ကွာ
(ချစ်ချစ်ခင်ခင် ငြိမ်းငြိမ်းချမ်းချမ်း)
မိုးဟိန်း (kse)
Thursday, January 16, 2014
Sunday, January 12, 2014
ဧရာဝတီမြစ်စောင့်ကဗျာများစာအုပ် ခံစားမှု
သူရိယနေဝန်းဂျာနယ် January.2014 ထုတ် ရေးသားသူ - သားမောင်တင်၏ ငရဲ၌သစ်ငုတ်ဖြစ်စေ(ဖြန့်ကျက်တွေးခေါ်ခြင်း
ကဗျာခံစားမှု)ဆောင်းပါး
ကဗျာခံစားမှု)ဆောင်းပါး
Saturday, January 11, 2014
ဒေါ်အောင်ဆန်းစုကြည် ပြည်ထောင်စုရိပ်သာမှာ မတည်းခိုခဲ့တဲ့ အကြောင်းရင်း
ဒေါ်အောင်ဆန်းစုကြည်ချင်းပြည်နယ်ခရီးစဉ်အတွက် ဟားခါးမှာ ပြည်ထောင်စု
ရိပ်သာမှာ အခန်း ၁၅ ခန်း ကြိုတင်ဘွတ်ခ်လုပ်ထားခဲ့တယ် လို့သိရပါတယ် ။ ဟားခါးကို ရောက်တဲ့ အချိန်မှာ ၆ ခန်းပဲ ရမယ်လို့ အကြောင်းပြန်ခဲ့ပါတယ် ။
အဲဒီပြည်ထောင်စုရိပ်သာမှာ အခန်း ၃၄ ခန်းရှိပြီး အခန်း နှစ်ခန်းမှာ နိုင်ငံခြား သားများတည်းခိုနေတယ်လို့ သိရပါတယ် ။ အခန်းတွေရှိရက်သားနဲ့ ဘာကြောင့် ဘွတ်ခ်လုပ်ထားတဲ့ ကျန်အခန်းတွေကို မပေးနိုင်ဖူးလို့ ပြောတာလဲလို့
ဒေါ်အောင်ဆန်းစုကြည်က ချင်းပြည်နယ်ဝန်ကြီးကို မေးတဲ့အခါမှာ ၊ ကျန်တာတွေက Reserve ထားရလို့ပါလို့ ပြန်ပြောခဲ့ပါတယ် ။
ဘာအတွက် Reserve ထားတာလဲ ကြိုမှာထားလို့လား ၊ ဘယ်နိုင်ငံမှာဖြစ်ဖြစ် ကြိုမှာထားမှ Reserve ထားရတာပါ ။ ကြိုမှာထားတာမရှိရင် ရောက်လာတဲ့သူကို ဦးစားပေးရမှာပေါ့ လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့ပြီး အဖွဲ့သားအားလုံး
တစ်စုတစ်စည်းထဲ တည်းခွင့်ရဖို့ပြောခဲ့ပါတယ် ။
ဒါပေမဲ့ ဘယ်လိုမှပြောမရပဲ ၆ ခန်းပဲပေးတဲ့အတွက် သတင်းထောက်များ
အတွက်စီစဉ်ထားတဲ့ ချယ်ရီတည်းခိုခန်းမှာ သွားရောက်တည်းခဲ့တာဖြစ်တယ် လို့ စစ်ကိုင်းတိုင်း NLD ဥက္ကဌ ဒေါက်တာမြင့်နိုင်ထံမှသိရပါတယ် ။

မတရားမှုမှန်သမျှ တိုက်ဖျက်ရမည့်တာဝန်မှာ နိုင်ငံသားတိုင်းတွင်ရှိပါသည်
ကြောက်တယ်
ကျောင်းနားမှာ ကန်
ကန်နားမှာ မြက်
မြက်နားမှာ နွား
နွားနားမှာ ပလွေ
ကျူတယ်လေ့လေ
ကျူတယ်လေ့လေ .....
ကျောင်းနားမှာ ကန်
ကန်နားမှာ အိုး
အိုးနားမှာ ကြာ
ကြာနားမှာ လူ
ပူတယ်လေ့လေ
ပူတယ်လေ့လေ.....
ကျောင်းနားမှာ ကန်
ကန်နားမှာ တော
တောနားမှာ ချုံ
ချုံနားမှာ အမေ
ဆူမယ်လေ့လေ
ဆူမယ်လေ့လေ...
ပလွေဆရာ
အမေပါတယ်
မနေသာဘူး
ပြန်ဦးမယ်တော့် .....
ကိုလေး(အင်းဝဂုဏ်ရည်)
F E A R
Near the monastery..
pond
near the pond
grass
near the grass
cow
near the cow
flute
how it plays , it plays .
Near the monastery
pond
near the pond
pot
near the pot
lotus
near the lotus
girl
how she pesters , pesters .
Near the monastery
pond
near the pond
woods
near the woods
bush
near the bush
Mother
how she will scold ,
she will scold .
Master Flutist ,
there's Mother ,
I dare not come ,
I will go back , sir !
Chosen and traslated
by
Maung Tha Noe .
ကန်နားမှာ မြက်
မြက်နားမှာ နွား
နွားနားမှာ ပလွေ
ကျူတယ်လေ့လေ
ကျူတယ်လေ့လေ .....
ကျောင်းနားမှာ ကန်
ကန်နားမှာ အိုး
အိုးနားမှာ ကြာ
ကြာနားမှာ လူ
ပူတယ်လေ့လေ
ပူတယ်လေ့လေ.....
ကျောင်းနားမှာ ကန်
ကန်နားမှာ တော
တောနားမှာ ချုံ
ချုံနားမှာ အမေ
ဆူမယ်လေ့လေ
ဆူမယ်လေ့လေ...
ပလွေဆရာ
အမေပါတယ်
မနေသာဘူး
ပြန်ဦးမယ်တော့် .....
ကိုလေး(အင်းဝဂုဏ်ရည်)
F E A R
Near the monastery..
pond
near the pond
grass
near the grass
cow
near the cow
flute
how it plays , it plays .
Near the monastery
pond
near the pond
pot
near the pot
lotus
near the lotus
girl
how she pesters , pesters .
Near the monastery
pond
near the pond
woods
near the woods
bush
near the bush
Mother
how she will scold ,
she will scold .
Master Flutist ,
there's Mother ,
I dare not come ,
I will go back , sir !
Chosen and traslated
by
Maung Tha Noe .
သမ္မတဖြစ်ခွင့် ကန့်သတ်ချက်အပေါ် အမေရိကန်သံအမတ်ကြီး မေးခွန်းထုတ်
၀၁၅ ရွေးကောက်ပွဲကို တရားမျှတတဲ့ နိုင်ငံရေးဖြစ်စဉ်အဖြစ်သာ မြင်တွေ့လိုပြီး
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေထဲက ပုဒ်မ ၅၉ (စ) ဟာ အတိတ်ရဲ့ အမွေတစ်ခုသာ
ဖြစ်ပါတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး Derek Mitchell က
ဒီကနေ့ ပြောကြားလိုက်ပါတယ်။
ပြည်တွင်းထုတ် သတင်းမီဒီယာတွေကို အမေရိကန်သံရုံးက ဒီကနေ့ပေးပို့တဲ့ အထူးမှတ်ချက်မှာ အခုလို ပြောကြားလိုက်တာဖြစ်ပြီး မြန်မာနိုင်ငံမှာ ဒေါ်အောင်ဆန်းစုကြည်လို ပုဂ္ဂိုလ်မျိုးကို သမ္မတဖြစ်ခွင့် ကန့်သတ်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မမျိုးကို သူနားမလည်နိုင်ပါဘူးလို့လည်း Mr. Mitchell က ပြောကြားပါတယ်။
၁၉၄၇ ခုနှစ် အခြေခံဥပဒေ၊ ဒါမှမဟုတ် ၁၉၇၄ ခုနှစ်ဖွဲ့စည်းပုံ အခြေခံဥပဒေတွေမှာ ပါတယ်ဆိုရင်တောင် ပြင်ပကမ္ဘာကို စိုးရိမ်ကြောက်ရွံ့လို့ ထည့်ထားတဲ့ ဥပဒေပုဒ်မဆိုတာ နားလည်လို့ရကြောင်း၊ ဒါပေမယ့် အခုလို ၂၁ ရာစုအတွင်း ပွင့်လင်းလွတ်လပ်တဲ့ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီစနစ်သစ်မှာ ကမ္ဘာကြီးနဲ့ တသားဖြစ်ဖို့ ကြိုးပမ်းရမယ့်ကာလဖြစ်ကြောင်း၊ ဒါ့ကြောင့် ဒီကန့်သတ်ချက်ဥပဒေနဲ့ ဒီစိုးရိမ်ကြောက်ရွံ့မှုဟာ အတိတ်ရဲ့ ရုပ်ကြွင်းတစ်ခုသာ ဖြစ်နေကြောင်းလည်း Mr. Mitchell က ပြောပါတယ်။
အမေရိကန် သံအမတ်ကြီးရဲ့ အထူးမှတ်ချက်ကို ရန်ကုန်မှာ ထုတ်ဝေတဲ့ ဧရာဝတီ၊ မဇ္ဈိမ၊ 7 Day နဲ့ Myanmar Times သတင်းစာစောင် ၄ ခုကို သီးသန့်ပေးပို့ခဲ့တယ်လို့လည်း သိရပါတယ်။
အဓိက နိုင်ငံရေးပါတီကြီးတစ်ခုရဲ့ ခေါင်းဆောင်တစ်ဦး၊ အရေးပါတဲ့ လွှတ်တော်ကော်မတီကြီးတစ်ခုရဲ့ ဥက္ကဋ္ဌတစ်ဦးနဲ့ တိုင်းပြည်ရဲ့ အောင်မြင်မှုနဲ့ အင်အားတွေကို ကိုယ်ကျိုးစွန့် အနစ်နာခံဆောင်ရွက်နေတဲ့ အမျိုးသမီးကြီးတစ်ဦးနဲ့ ပြည်သူအများက ထင်ထင်ရှားရှား အားပေးထောက်ခံသူတစ်ဦးဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတဖြစ်ခွင့်ကနေ ဖယ်ထုတ်ထားတာဟာလည်း မေးခွန်းထုတ်စရာဖြစ်ပါတယ်လို့လည်း အမေရိကန်သံအမတ်ကြီးက မှတ်ချက်ပေးထားပါတယ်။
RFA Burmese

Subscribe to:
Posts (Atom)