ရက်သတ္တပတ်တစ်ခုတွင် workweek(အလုပ် ရက်)နှင့် weekend(အားလပ် ရက်)တို့သည်နေနှင့်လကဲ့သို့ မဆုံနိုင် စတမ်းအပြိုင် တည် ရှိသည်။workweekသည် နိုးနေချိနိဖြစ်ပြီး weekendသည် အိပ်နေချိန်ပင်ဖြသ်သည်ဟု ဆိုရမည်ဖြစ်သည်။အမြဲတမ်းနိုးထ နေပါက အိပ်မက်ဟူသည် မရှိနိုင် သကဲ့သို့ အမြဲတမ်းအိပ်စက်နေပါကလည်း ဘဝဟူသည် မရှိနိုင် ပါ။နေနှင့်လကဲ့သို့ ဘဝနှင့် အိပ်မက်မဆုံနိုင်သော်လည်း တစ်ခုကအခြားတစ်ခုကို အပြန်အလှန် အ ထောက်အကူပြုလျက် ရှိသည်က တော့ အမှန်ပင် ဖြစ်ပါသည်။အလုပ်များနှင့်ပက် သက်၍ ကာယလုပ်သားဖြစ်စေ ဉာဏလုပ်သားဖြစ်စေ အမြဲမပြတ်ဆက်တိုက်အလုပ်လုပ်နိုင် မည်တော့ မဟုတ်ပါ။အလုပ်များဆက်လုပ်နိုင် ရန်အနားယူရန်လိုမည်ဖြစ်သလို ထိုသို့အနားယူနိုင် ရန်အတွက်လည်းအလုပ်လုပ် ရန်တော့လိုပါသည်။
ထို့ကြောင့် ရက်သတ္တပတ်တွင်workweek နှင့်weekendတို့ အပြိုင် ပါဝင်နေခြင်းလည်းဖြစ်သည်။အ နောက်တိုင်းနိုင် ငံအများစုတွင်workweekသည် တနင်္လာနေ့မှသောကြာနေ့အထိဖြစ်သည်။weekendတွင် စ နေ နေ့နှင့်တနင်္ဂနွေနေ့တို့ပါဝင် သည်။သို့သော် ကိုးကွယ်သည့်ဘာသာကိုလိုက်၍ကွဲပြားခြားနားမှုများလည်း ရှိသည်။ဥပမာအားဖြင့် ရဟူဒီများ နေထိုင် သည့်အစ္စရေးနိုင် ငံတွင် weekendသည်သောကြာနေ့နှင့်စ နေ နေ့ဖြစ်ပြီး မွတ်စလင် အများစုနေထိုင်သောနိုင် ငံများတွင်weekend သည်ကြာသာပ တေးနေ့နှင့်သောကြာနေ့ သို့မဟုတ် သောကြာေ န့နှင့်စ နေ နေ့ဖြစ်သည်။weekendအ ကြောင်း ပြောမည်ဆိုလျှင် ပုံပြင် က လေးတစ်ပုဒ်ဖြင့် ဥပမာပေးလိုပါသည်။ပုံပြင် ထဲ၌လိပ်ပြာတို့သည် တစ် ရက်တည်းသာ အသက် ရှင် ရာ ပန်းခြံတစ်ခုအတွင်း တစ် ရက်သာ အသက် ရှင် ကြသည့် လိပ်ပြာများအနက် တနင်္ဂနွေနေ့၌ အသက် ရှင် သော လိပ်ပြာကဘဝဆိုတာ ပျော်စရာကြီးပါဟုထင် သွား၏ဟူ၍ ဖြစ်ပါသည်။
မည်သို့ပင် ဖြစ်စေကာမူ weekend များ လှပပါစေ ကြောင်း The Daily Elevenဆုမွန်တောင်း အပ်ပါသည်။
No comments:
Post a Comment